CFA နဲ့ CIMA ဘာကွာ သလဲ
မနက် က CFA နဲ့ CIMA ဘာကွာလဲလို့မေးထားတာကိုတွေ့ပါတယ်။မအားလို့ခုပြန်ဖြေမလို့ပြန်ရှာတာမတွေ့တော့လို့ဒီ Post နဲ့ပြန်ဖြေပေးလိုက်ပါတယ်။
CFA နဲ့ CIMA ဘာကွာလဲဆိုတော့
၁) Field ကွာပါတယ်
CIMA ဆိုတာ က Chartered Institute of Management Accountants ကပေးတဲ့လက်မှတ်ပါ။ Management Accounting ကို အဓိကထားသင်ပါတယ်။ တက်ဘုးသူတွေအဆိုအရတော့ LCCI Level (3) လောက်မခက်ဘူးလို့ဆိုပါတယ်။
CFA ကတော့ Chartered Financial Analyst ပါ။ Corporate Financial Management ကို အဓိကထားသင်ပါတယ်။သူက လက်မှတ်ပေးရုံအပြင် CFA Member အဖြစ်ပါ အသိအမှတ်ပြုပါတယ်။
၂) Pay Scale ကွာပါတယ်
CIMA အောင်တစ်ယောက်အနေနဲ့ အမြင့်ဆုံး လစာဟာ singapore မှာဆိုရင် ၂၄၀၀ အများဆုံးပါ
CFA ဆိုရင်တော့ အနည်းဆုံး ၄၀၀၀ ကနေ စပါတယ်
၃)ဘာသာရပ်ခက်ခဲမှု
CFA က CIMA ထက်ပိုခက်ပါတယ်။
၄) Career Life ကွာပါတယ်။
CFAဟာ investment Fund တွေ Venture Capital တွေမှာ Financial Analyst ရာထူမျိုးနဲ့ခေါ်လေ့ရှိပါတယ်။ အဲဒီကနေ Fund Manager ရာထူးမျိုးထိရောက်နိုင်ပါတယ်။ CPA နဲ့တွဲလိုက်ရင် Financial Controller ရာထူးပါရနိုင်ပါတယ်။
CIMA ကတော့ Company တွေကနေ accountant ရာထူးနဲ့ခေါ်လေ့ရှိပါတယ်။ အလုပ်လုပ်တဲ့နိုင်ငံ ကပေးတဲ့ Regional ထဲမှာဆိုရင်တော့ Asean ထဲက ပေးတဲ့ CPA ရထားတယ်ဆိုရင် Chief Accountant ရာထူးထိရောက်နိုင်ပါတယ်။ Financial Controller ရာထူးကိုတော့ CIMA တစ်ခုထဲပြီးတဲ့လူကရထားတာမတွေ့ဘူးသေးပါ။
၅) ကိုယ်ပိုင်စီးပွားရေးအတွက်အထောက်အကူပြုမှု
CFA ပြီးတဲ့လူတွေက angel investor တွေအဖြစ် သို့မဟုတ် ကိုယ်ပိုင် Equity Fund တွေထောင်ပြီး investor လုပ် ကြတာများပါတယ်။ ဆိုလိုတာ က CFA ရဲ့ Sense ကိုက investor sense ပိုများပါတယ်။
CIMA ပြီးတဲ့လူတွေက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းမှာ Account ပိုင်းကို ပိုမိုထိန်းချုပ်နိုင်ကြပါတယ်။ CIMA ရဲ့ Sense က စီးပွားရေးလုပ်ငန်းတွေကို ၀င်ရောက်လုပ်ကိုင်ကြမည့်လူတွေနဲ့ဆိုပိုကိုက်ပါတယ်လို့ပြောကြားရင်းနိဂုံးချုပ်လိုက်ပါတယ်

Crd – Myo Mya Swe Tun ( Angel Investor)
Posted on Sep 9, 2014