How to invest like a Pro Investor

What to do when you Invest In a Business

Business တစ်ခု Invest လုပ်မယ် စဉ်းစားတဲ့ အခါမှာ ဘယ်လိုလုပ်ထားတယ် ဘာတွေလုပ်ထားတယ် ဘယ်သူနဲ့လုပ်ထားတယ် ဘယ်လောက်ကုန်ထားတယ် ဘယ်လောက်ထပ်ကုန်မယ် အစရှိတာတွေကို စဉ်းစားရပါတယ်။ ဒါပေမယ့် အဲဟါတွေကို မစဉ်းစားခင်မှာ ပထမဆုံးစဉ်းစားသင့်တာ နှစ်ခုရှိပါတယ်။ ငါInvest လုပ်မယ့်လုပ်ငန်းက ဘယ်လောက်အထိ ချဲ့ထွင်လို့ရလဲ နောက်တစ်ခု က ဘယ်လောက်အထိတည်မြဲနိုင်သလဲ ဆိုလိုတာက Business ရဲ့ Stage က Growth မှာရှိတာလား Mature မှာရှိတာလား Peak to Decline မှာရှိတာလားဆိုတာသိဖို့လိုပါတယ်။
ပုံမှန်အားဖြင့် Growth Stage မှာ Risk များ Profit နည်း Equity များPotential များ ပါတယ်။ Mature မှာ Risk အလည်အလတ် Profit အလည်အလတ် Equity အလည်အလတ် Potential အလည်အလတ် ကနေ များ ဖြစ်တတ်ပြီး Peak to Decilne မှာ Risk နည်း Profit များ Equity နည်း Potential များ ဖြစ်တတ်ပါတယ်။

ဒီ Data တွေ ဘယ်လိုရမလဲ ဘယ်လိုတွက်မလဲ ဘယ် Stage မှာရှိတယ်ဆိုတာဘယ်လိုသိမလဲဆိုတာကတော့ အတွေ့အကြုံတွေလိုပါတယ်။

ချစ်ခင်စွာ

Michael

Myo Mya Swe Tun ( Chairman at Dika Holding Company Limited, Financial Consultant and Angel Investor )

FB Profile Link: https://www.facebook.com/michael.myoswe

How to Deal & Negotiate with an Investor Basically

Investing နဲ့ပတ်သက်ရင် Entrepreneur တွေကို အဓိက နှစ်ပိုင်းပိုင်းလို့ရပါတယ်။ တစ်ခု က လုပ်ငန်းက စတင်နေပြီ အရင်းအနှီးလိုလို့ Investor ကို ရှာတဲ့လူနဲ့ လုပ်ငန်းက တော့မစသေးဘူး Idea တော့ရှိနေပြီ ဒီ Idea ပေါ်မှာရင်းနှီးမြုပ်နှံမယ့် Investor ကိုရှာနေတဲ့ သူလို့နှစ်ပိုင်းခွဲခြားလို့ရပါတယ်။ ဒီလိုနှစ်ပိုင်းကွဲသွားသလို Investor ကို ရင်းနှီးမြုပ်နှံဖို့အတွက်ဆွဲဆောင်ပြီး Pitching လုပ်တဲ့ အခါမှာလဲ နည်းလမ်းနှစ်မျိုးရှိပါတယ်။
Idea ကို Pitch လုပ်တဲ့ အခါမှာ အဓိက ကိုယ့် Idea ဟာဘယ်လောက် အဖိုးတန်တယ် ဘယ်လောက် ထိ Unique ဖြစ်တယ် ဒီ Idea ကို သုံးတဲ့အခါဘယ်လိုမျိုးအကျိုးဖြစ်ထွန်းနိုင်တယ်ဆိုတာမျိုးကို အဓိကထားပြီးဆွဲဆောင်ရပါတယ်။ Idea Valuation ပေါ့။ မမြင်နိုင်တာ မမြင်ရသေးတာ ကို ပြောရတာဖြစ်လို့ Imagination ကောင်းဖို့လိုပါတယ်။ နောက်ဆုံးမှာဖြစ်လာမှာကို ရင်းနှီးမြုပ်နှံသူမြင်အောင်ပြောပြရတာဖြစ်လို့ စကားအပြောအဆိုကလဲ အရေးကြီးပါတယ်။

အတိုချုပ်ပြောရရင် ယုံအောင်ပြောတတ်ဖို့လိုပါတယ်။ ပြောရရင် Entrepreneur ရဲ့ကွင်းဖြစ်ပါတယ်။ သူ့ Idea ကတော့ သူပဲသိတာကိုး။ သူပဲသေချာရှင်းပြနိုင်တာကိုး။ investor side က ဖြစ်နိုင်၏ မဖြစ်နိုင်၏ ဆိုတာ ကို အတွေ့အကြုံနဲ့ Case Study တွေပေါ်မှာပဲ မူတည်ပြီးဆုံးဖြတ်ကြပါတယ်။
နောက်တစ်မျိုးကတော့ Business ကရှိနေပြီ Run နေပြီ ထပ်ချဲ့ချင်လို့သော် ၄င်း ဒါမှမဟုတ် အသက်ဆက်လိုချင်လို့ဖြစ်စေ ရင်းနှီးမြုပ်နှံဖို့ အတွက်ရှာတာဖြစ်ပါတယ်။ ဒီအချိန်မှာ ကျတော့ Investor ကို Deal တဲ့အခါမှာ စိတ်ကူးစိတ်သန်းတွေ မျှော်လင့်ချက်တွေ နောက်ဆုံးပြောရရင် မမြင်ရတဲ့ မမြင်ရသေးတဲ့ ကိစ္စတွေကို ဥိးစားပေးလို့မရတော့ပါဘူး။ Investor Side ကအဓိက ကြည့်ချင်တာ သွားနေတဲ့ Cash Flow ဖြစ်နေတဲ့ PNL Statement ရလာနိုင်တဲ့ ROI ကြာမြင့်နိုင်တဲ့ BEP reaching time နောက်ဆုံး တွက်ကိုတွက်ကြည့်ရမယ့် Ratio Analysis တွေဖြစ်သွားပါပြီ။ ဒီတော့ သူ့ကိုချပြရမှာ က Assets ကတော့ ဘယ်လောက်ရှိတယ် နောက် Liability ဘယ်လောက်ရှိတယ်။ Cash inhand ကတော့ ဘယ်လောက်ပါတယ်။ ဒီလိုကိစ္စတွေဖြစ်သွားပါပြီ။ ဒီတော့ ပြောရရင် ကိုင်ကြည့်လို့ရတဲ့ ပစ္စည်းတွေရဲ့တန်ဖိုးကို အဓိကထားပြီးစဉ်းစားမှာဖြစ်တဲ့အတွက် Number Base အဓိကဖြစ်သွားပါတယ် ဆိုလိုတာက Idea Valuation ကိုထည့်မတွက်တာမဟုတ်ပေမယ့် Idea Value ကို အောင်မြင်အောင်လုပ်ဖို့အတွက်ချမှတ်ထား Business Plan က ဘယ်လောက် ကောင်းကောင်း အလုပ်လုပ်လဲ Efficient ဖြစ်လဲဆိုတာ ကို အရင်စဉ်းစားတဲ့သဘောဖြစ်ပါတယ်။ ဒီတော့ ဒီ Deal ဟာ Investor ရဲ့ ကွင်းပါ။ ဘယ်နေရာမှာ ဘယ်လောက်ရင်းရင် ဘယ်လောက်ပြန်ထွက်တယ်ဆိုတာ ကို ကောင်းကောင်းနားလည်ပြီးသားသူတို့အတွက် ဒီ Deal ကိုကောင်းကောင်းဦးဆောင်သွားပါလိမ့်မယ်။

ဒီ အချက်တွေကို သိရင် Investor တစ်ယောက်နဲ့တွေ့တဲ့အခါ ဘယ်လိုချဉ်းကပ်သင့်လဲဆိုတာ အကြမ်းဖျင်းတော့သဘောပေါက်လောက်ပါတယ်

Posted on Nov 24, 2014

Crd_ Myo Mya Swe Tun ( ANGEL INVESTOR )

Facebook Profile: https://www.facebook.com/michael.myoswe

Page Link: https://www.facebook.com/myomyaswetun/